How to restore AutoCAD calssic mode
ခုနောက်ပိုင်းထွက်လာတဲ့ AutoCAD မှာ classic mode မပါတော့တဲ့
အတွက် ပြန်ပြီး ထည့်သွင်းလိုသူများအတွက် အဆင်ပြေအောင် နည်းလမ်းလေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
၁။ ဒီ link ကနေ acad.cuix ဆိုတဲ့ ဖိုင်ကို ဒေါင်းလုတ်
ရယူပါ။
၂။ ပြီးရင် AutoCAD ကို ဖွင့်ပါ။
၃။ command မှာ cui လို့
ရိုက်ထည့်ပါ။
၎။ Transfer tab အောက်ဘက်
ညာဘက်ခြမ်းမှာ ရှိတဲ့ workspace ကို click ပြီး open customization file ကို နှိပ်ပါ။
၅။ အစောက ဒေါင်းလုတ်ရယူထားတဲ့
acad.cuix ရှိတဲ့ နေရာကို သွားပြီး ဖိုင် ကို select လုပ်ပါ။
၆။ ဒါဆိုရင် Workspace ရဲ့
အောက်မှာ AutoCAD Classic ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲဒါကို select လုပ်ပြီး ဘယ်ဘက်က
Workspace အောက်ထဲရောက်အောင် ဆွဲထည့်ပါ။
၇။ အပေါ်ဆုံးက customize
tab ကိုနှိပ်ပါ။ Workspace အောက်မှာ AutoCAD Classic ဆိုပြီး တွေ့ရပါလိမ့်မယ်။
Apply / OK နှိပ်ပါ။
ဒါဆိုရင် AutoCAD Classic mode ကို ပြောင်းပြီး သုံးလို့ရပါပြီ။
No comments:
Post a Comment