Wednesday, September 14, 2016

Photo Album တစ်ခုလုံး Download ပြုလုပ်နည်း

          ဒီတစ်ခါတော့ fb မှာ တင်ထားတဲ့ Photo album တွေထဲက ကိုယ်လိုချင်တဲ့ album တွေကို အချိန်ကုန် သက်သာပြီး တစ်ခါတည်း Download ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ အောက်က အဆင့်လိုက် ရေးထားတာကို ပုံတွေကိုကြည့်ပြီး အဆင့်လိုက် လိုက်ပြီး လုပ်သွားလိုက်ရင် အဆင်ပြေပါတယ်။
(၁) Google chrome ကို ဖွင့်ပါ။ ပြီးရင် ခု ပေးထားတဲ့ Link ကို ကူးပြီး chrome မှာ ဖွင့်ပါ။ 


(၂) Chrome မှာ fb ကို ဖွင့်ပါ။ ပြီးရင် ကိုယ် download ပြုလုပ်ချင်တဲ့ album ကို ဖွင့်ပါ။ ဖွင့်ပြီးရင်တော့ Chrome ရဲ့ ညာဘက် အပေါ်နားမှာရှိတဲ့ Downalbum ဆိုတာလေးကို နှိပ်ပါ။ ပြီးရင် normal ကိုနှိပ်ပါ။


(၃) OK ကိုနှိပ်ပါ။


(၄) ကိုယ် Download လုပ်မယ့် album ထဲက ပုံအရေအတွက်အတိုင်း ပေါ်လာရင် နောက်ထပ် new tab တစ်ခု ထပ်ပွင့်လာပါလိမ့်မယ်။


(၅) Change name ဆိုတာကိုနှိပ်ပါ။


(၆) Auto zip all ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် file name ချိန်းမလားလို့ မေးပါလိမ့်မယ်။ အိုကေကို နှိပ်ပါ။


(၇) ပုံမှာ ပြထားတဲ့ အတိုင်း progress ကို တွေ့မြင်နိုင်ပါတယ်။ အောက်နားမှာတော့ Zip file ကို Download ပြုလုပ်နေတာ တွေ့ရမှာပါ။


(၈) Download လုပ်ပြီးလို့ ရလာတဲ့ zip file ကို ဖွင့်လိုက်ရင် ပုံထဲက အတိုင်း album တစ်ခုလုံး Download ချပြီးတာ တွေ့ရမှာပါ။ ပုံအရေအတွက်ကိုလည်း အောက်မှာ မြင်နိုင်ပါတယ်။



No comments:

Post a Comment