YouTube မှာ တင်ထားတဲ့ video တွေကို playlist တစ်ခုလုံး Download ပြုလုပ်ခြင်း
Youtube မှာ တင်ထားတဲ့ video playlist တွေကို Download ပြုလုပ်ဖို့ အတွက် ကျွန်တော်က 4K video downloader ကို အသုံးပြုပြီး download ပြုလုပ်ပါတယ်။ software ကို လိုချင်ရင်တော့ ဒီမှာ Download ပြုလုပ်ပါ။
(၁) Download ပြုလုပ်လို့ ရလာတဲ့ software ကို ကွန်ပျူတာမှာ တင်ပြီးရင်တော့ ဖွင့်လိုက်ရင် အောက်ပါ ပုံထဲက အတိုင်း တွေ့ရမှာပါ။
(၂) မိမိ Download ပြုလုပ်လိုတဲ့ youtube playlist ကိုဖွင့်ပါ။ Link ကို copy ကူးပြီး အပေါ်က ပုံမှာ ပြထားတဲ့ Paste link ဆိုတဲ့ နေရာကို နှိပ်ပါ။
(၃) Download playlist ကိုနှိပ်ပါ။
(၄) မိမိနှစ်သက်ရာ video quality ကို ရွေးချယ်နိုင်ပြီး subtitle လည်း Download ပြုလုပ်လို့ ရပါတယ်။ မိမိသိမ်းထားချင်တဲ့ နေရာကို ရွေးပေးပြီးရင်တော့ Download ပြုလုပ်လို့ ရပါပြီ။
No comments:
Post a Comment