How to add a Hatch Pattern Collection and Hatch Pattern Custom folders on AutoCAD
ကျွန်တော်တို့တွေ အင်တာနက်မှာ ရှာပြီး လိုချင်တဲ့ hatch pattern တွေကို ဒေါင်းလုပ်ချထားပြီး ကိုယ့်စက်ထဲမှာ ရှိတဲ့ အော်တိုကတ်ထဲကို ထည့်ချင်တဲ့ အခါမှာ အောက်က နည်းလမ်းလေးကို သုံးနိုင်ပါတယ်။ နည်းလမ်းအမျိုးမျိုး ရှိတဲ့အထဲက custom folder အသစ်တစ်ခု လုပ်ပြီး ထည့်သွင်းတဲ့နည်း ဖြစ်ပါတယ်။
1>> မိမိ ထည့်လိုတဲ့ hatch pattern တွေကို folder အသစ်တစ်ခု လုပ်ပြီး တူတူသိမ်းထားပါ။ ဥပမာ D:\autocad hatch pattern၂>> workspace ပေါ်မှာ right click နှိပ်ပြီး အောက်နားမှာရှိတဲ့ option ကိုရွေးပါ။ file , display စတာတွေ ပေါ်နေပါမယ်။ အဲဒီအထဲက file ရဲ့ အောက်က support file search path ဘေးက + sign ကို နှိပ်ပါ။ ညာဘက်မှာ တွေ့ရတဲ့ add ကို ထပ်နှိပ်ပါ။ ပြီးရင် add ရဲ့ အပေါ်နားက browse ကို ထပ်နှိပ်ပါ။ ကိုယ်သိမ်းထားတဲ့ hatch pattern တွေ ရှိတဲ့ ဖိုဒါ ကို ရွေးပေးပါ။ ပြီးရင် apply / OK နှိပ်ပါ။ ဒါဆိုရင် ကွန်ပျူတာထဲက hatch pattern တွေက autocad ထဲကို ရောက်သွားပါပြီ။
၃>> ကိုယ်ထည့်ထားတာတွေက အဆင်ပြေမပြေစမ်းကြည့်ဖို့အတွက် autocad မှာ rectangle တစ်ခု ဆွဲပါ။ ပြီးရင် hatch ကိုနှိပ်ပါ။ Type မှာ predefined ကို ရွေးပါ။ Pattern ကိုရွေးဖို့အတွက်ဆိုရင် ဘေးက box အသေးကို နှိပ်ပါ။ အဲဒီအထဲက ANSI , ISO , Custom စတာတွေထဲက custom ကိုရွေးလိုက်ပါ။ အဲဒါဆိုရင် ကိုယ်ထည့်ထားတဲ့ pattern တွေကို တွေ့ရပါမယ်။ ကိုယ်သုံးချင်တာကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ကျန်တာကတော့ ပုံမှန် hatch command အသုံးပြုတဲ့ အတိုင်းဆက်ပြီး လုပ်လို့ ရပါတယ်။
No comments:
Post a Comment