Thursday, July 13, 2017

အင်တာနက်မှာ တင်ထားတဲ့ ဖိုင်များကို ဖိုဒါလိုက် ဒေါင်းလုပ်ပြုလုပ်နည်း

မင်္ဂလာပါ ခင်ဗျာ...
ဒီတခါတော့ အင်တာနက်ကနေ download ပြုလုပ်တဲ့အခါမှာ အချိန်ကုန် လူသက်သာစေတဲ့ နည်းလမ်းလေး တစ်ခုကို မျှဝေချင်လို့ပါ။ ပုံမှန်ဆိုရင်တော့ mediafire, pcloud စတဲ့ site တွေကနေ ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ pcloud မှာဆိုရင် တင်ထားတဲ့ ဖိုင်အားလုံးကို folder အလိုက် zip ဖိုင်နဲ့ ဒေါင်းလုပ် ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် mediafire မှာကတော့ premium account မရှိဘူးဆိုရင် folder လိုက် ဒေါင်းလုပ် ပြုလုပ်လို့ မရပဲ တဖိုင်ချင်းပဲ ဒေါင်းလို့ရပါတယ်။ အဲ့အတွက် အချိန်အများကြီး ပေးရပါတယ်။ ဒါနဲ့ အင်တာနက်မှာ နည်းလမ်းရှာကြည့်လိုက်တော့ အဆင်ပြေမယ့် နည်းလမ်းလေး တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ jdownloader ဆိုတဲ့ ဆော့ဖ်ဝဲလ် လေး ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ် ကိုတော့ သူ့ရဲ့ မူရင်း website မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ အသုံးးပြုပုံကိုတော့ ဒီ video လေးမှာ ကြည့်ရှူနိုင်ပါတယ်။ ယူကျူ့မှာ တင်ထားတဲ့ video playlist တွေကိုလည်း ဒီဆော့ဖ်ဝဲလ်လေးကို အသုံးပြုပြီး ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ် ခင်ဗျာ... နမူနာအနေနဲ့ ယူကျူ့က ဖိုဒါ တခုကို ဒေါင်းလုပ် ပြုလုပ်ပြထားပါတယ်။ 
အဆင့် ၁ အနေနဲ့ jdownloader ကို စဖွင့်လိုက်တာနဲ့ အပေါ်က ပြထားတဲ့ အတိုင်း မြင်ရမှာပါ။ အဲ့မှာ ပြထားတဲ့ အတိုင်း add new links ဆိုတာကို နှိပ်လိုက်ပါ။

Continue ကို နှိပ်ပြီးရင်တော့ ယူကျူ့က playlist တွေကို ဒေါင်းမယ်ဆိုရင် video only / complete playlist ဆိုတာလေး ပေါ်ပါတယ်။ complete playlist ဆိုတာလေးကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါမယ်။ 
ဒါဆိုရင်တော့ ဒေါင်းလုပ်ပြုလုပ်ရတာ အဆင်ပြေမယ် ထင်ပါတယ်။ အခြား website တွေကနေလည်း ခုပုံစံ အတိုင်း ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ် ခင်ဗျာ... အထူးသဖြင့်တော့ mediafire ကနေပေါ့။ အားလုံးပဲ အဆင်ပြေကြပါစေ။

Thursday, September 15, 2016

YouTube မှာ တင်ထားတဲ့ video တွေကို playlist တစ်ခုလုံး Download ပြုလုပ်ခြင်း

Youtube မှာ တင်ထားတဲ့ video playlist တွေကို Download ပြုလုပ်ဖို့ အတွက် ကျွန်တော်က 4K video downloader ကို အသုံးပြုပြီး download ပြုလုပ်ပါတယ်။ software ကို လိုချင်ရင်တော့ ဒီမှာ Download ပြုလုပ်ပါ။

Wednesday, September 14, 2016

Photo Album တစ်ခုလုံး Download ပြုလုပ်နည်း

          ဒီတစ်ခါတော့ fb မှာ တင်ထားတဲ့ Photo album တွေထဲက ကိုယ်လိုချင်တဲ့ album တွေကို အချိန်ကုန် သက်သာပြီး တစ်ခါတည်း Download ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ အောက်က အဆင့်လိုက် ရေးထားတာကို ပုံတွေကိုကြည့်ပြီး အဆင့်လိုက် လိုက်ပြီး လုပ်သွားလိုက်ရင် အဆင်ပြေပါတယ်။
(၁) Google chrome ကို ဖွင့်ပါ။ ပြီးရင် ခု ပေးထားတဲ့ Link ကို ကူးပြီး chrome မှာ ဖွင့်ပါ။ 


(၂) Chrome မှာ fb ကို ဖွင့်ပါ။ ပြီးရင် ကိုယ် download ပြုလုပ်ချင်တဲ့ album ကို ဖွင့်ပါ။ ဖွင့်ပြီးရင်တော့ Chrome ရဲ့ ညာဘက် အပေါ်နားမှာရှိတဲ့ Downalbum ဆိုတာလေးကို နှိပ်ပါ။ ပြီးရင် normal ကိုနှိပ်ပါ။


(၃) OK ကိုနှိပ်ပါ။


(၄) ကိုယ် Download လုပ်မယ့် album ထဲက ပုံအရေအတွက်အတိုင်း ပေါ်လာရင် နောက်ထပ် new tab တစ်ခု ထပ်ပွင့်လာပါလိမ့်မယ်။


(၅) Change name ဆိုတာကိုနှိပ်ပါ။


(၆) Auto zip all ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် file name ချိန်းမလားလို့ မေးပါလိမ့်မယ်။ အိုကေကို နှိပ်ပါ။


(၇) ပုံမှာ ပြထားတဲ့ အတိုင်း progress ကို တွေ့မြင်နိုင်ပါတယ်။ အောက်နားမှာတော့ Zip file ကို Download ပြုလုပ်နေတာ တွေ့ရမှာပါ။


(၈) Download လုပ်ပြီးလို့ ရလာတဲ့ zip file ကို ဖွင့်လိုက်ရင် ပုံထဲက အတိုင်း album တစ်ခုလုံး Download ချပြီးတာ တွေ့ရမှာပါ။ ပုံအရေအတွက်ကိုလည်း အောက်မှာ မြင်နိုင်ပါတယ်။



Tuesday, September 13, 2016


How to add a Hatch Pattern Collection and Hatch Pattern Custom folders on AutoCAD

ကျွန်တော်တို့တွေ အင်တာနက်မှာ ရှာပြီး လိုချင်တဲ့ hatch pattern တွေကို ဒေါင်းလုပ်ချထားပြီး ကိုယ့်စက်ထဲမှာ ရှိတဲ့ အော်တိုကတ်ထဲကို ထည့်ချင်တဲ့ အခါမှာ အောက်က နည်းလမ်းလေးကို သုံးနိုင်ပါတယ်။ နည်းလမ်းအမျိုးမျိုး ရှိတဲ့အထဲက custom folder အသစ်တစ်ခု လုပ်ပြီး ထည့်သွင်းတဲ့နည်း ဖြစ်ပါတယ်။

အသုံးဝင်သည့် website များ (၁)

            အခု ကျွန်တော် website တစ်ခုကို မျှဝေချင်လို့ပါ။ အဲဒီ website ကတော့ Lynda.com မှာ တင်ထားတဲ့ video tutorial တွေရဲ့ subtitle ဖိုင်တွေကို download ပြုလုပ်လို့ရတဲ့ website ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းမှာ Lynda.com မှာ တင်ထားတဲ့ tutorial တွေကို ရှာပြီး download ပြုလုပ်တဲ့ အခါမှာ အများအားဖြင့် subtitle ဖိုင်တွေ မပါတတ်ကြပါဘူး။ ဒါကြောင့် တကယ်လို့ subtitle ဖိုင် လိုချင်တဲ့ သူတွေအတွက် ဒီ website လေးက အသုံးဝင်ပါတယ်။ အသုံးပြုပုံ နမူနာလေးကို ကျွန်တော် ရှင်းပြချင်ပါတယ်။

နှစ်အလိုက် activator များ

လိုအပ်တဲ့ သူတွေ ရှိရင် ယူသုံးနိုင်ဖို့ အတွက် အော်တိုကတ် နှစ်အလိုက် activator လေးတွေ စုစည်းပေးထားပါတယ်။ 32 ရော 64 ရော ၂ ခုလုံး ပါ ပါတယ်။
၁) ၂၀၁၁
၂) ၂၀၁၂
၃) ၂၀၁၃
၎) ၂၀၁၄
၅) ၂၀၁၅
၆) ၂၀၁၆
၇) ၂၀၁၇


Wednesday, September 7, 2016

How to restore AutoCAD calssic mode

          ခုနောက်ပိုင်းထွက်လာတဲ့ AutoCAD မှာ classic mode မပါတော့တဲ့ အတွက် ပြန်ပြီး ထည့်သွင်းလိုသူများအတွက် အဆင်ပြေအောင် နည်းလမ်းလေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်။