Thursday, July 13, 2017

အင်တာနက်မှာ တင်ထားတဲ့ ဖိုင်များကို ဖိုဒါလိုက် ဒေါင်းလုပ်ပြုလုပ်နည်း

မင်္ဂလာပါ ခင်ဗျာ...
ဒီတခါတော့ အင်တာနက်ကနေ download ပြုလုပ်တဲ့အခါမှာ အချိန်ကုန် လူသက်သာစေတဲ့ နည်းလမ်းလေး တစ်ခုကို မျှဝေချင်လို့ပါ။ ပုံမှန်ဆိုရင်တော့ mediafire, pcloud စတဲ့ site တွေကနေ ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ pcloud မှာဆိုရင် တင်ထားတဲ့ ဖိုင်အားလုံးကို folder အလိုက် zip ဖိုင်နဲ့ ဒေါင်းလုပ် ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် mediafire မှာကတော့ premium account မရှိဘူးဆိုရင် folder လိုက် ဒေါင်းလုပ် ပြုလုပ်လို့ မရပဲ တဖိုင်ချင်းပဲ ဒေါင်းလို့ရပါတယ်။ အဲ့အတွက် အချိန်အများကြီး ပေးရပါတယ်။ ဒါနဲ့ အင်တာနက်မှာ နည်းလမ်းရှာကြည့်လိုက်တော့ အဆင်ပြေမယ့် နည်းလမ်းလေး တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ jdownloader ဆိုတဲ့ ဆော့ဖ်ဝဲလ် လေး ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ် ကိုတော့ သူ့ရဲ့ မူရင်း website မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ အသုံးးပြုပုံကိုတော့ ဒီ video လေးမှာ ကြည့်ရှူနိုင်ပါတယ်။ ယူကျူ့မှာ တင်ထားတဲ့ video playlist တွေကိုလည်း ဒီဆော့ဖ်ဝဲလ်လေးကို အသုံးပြုပြီး ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ် ခင်ဗျာ... နမူနာအနေနဲ့ ယူကျူ့က ဖိုဒါ တခုကို ဒေါင်းလုပ် ပြုလုပ်ပြထားပါတယ်။ 
အဆင့် ၁ အနေနဲ့ jdownloader ကို စဖွင့်လိုက်တာနဲ့ အပေါ်က ပြထားတဲ့ အတိုင်း မြင်ရမှာပါ။ အဲ့မှာ ပြထားတဲ့ အတိုင်း add new links ဆိုတာကို နှိပ်လိုက်ပါ။

Continue ကို နှိပ်ပြီးရင်တော့ ယူကျူ့က playlist တွေကို ဒေါင်းမယ်ဆိုရင် video only / complete playlist ဆိုတာလေး ပေါ်ပါတယ်။ complete playlist ဆိုတာလေးကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါမယ်။ 
ဒါဆိုရင်တော့ ဒေါင်းလုပ်ပြုလုပ်ရတာ အဆင်ပြေမယ် ထင်ပါတယ်။ အခြား website တွေကနေလည်း ခုပုံစံ အတိုင်း ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ် ခင်ဗျာ... အထူးသဖြင့်တော့ mediafire ကနေပေါ့။ အားလုံးပဲ အဆင်ပြေကြပါစေ။